Monday, August 12, 2013

ရာသီသစ်စတင်ရန် အကောင်းဆုံးပုံစံရနေပြီဟု ရီးယဲလ်နည်းပြ အန်စလော့တီ ကြုံးဝါး

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ်အန်စလော့တီက အသင်းအနေဖြင့် ယခုနှစ်ရာသီကြိုခြေစမ်း ပွဲစဉ်များတွင် ကောင်း မွန်သောခြေစွမ်းများဖြင့် ကစားနိုင်ခဲ့ခြင်းများကို ကျေနပ်အား ရကြောင်း ပြောဆိုခဲ့ပြီး လာမည့်တနင်္ဂနွေနေ့တွင် စတင်တော့မည့် ရာသီသစ်ကို စတင်ရန် မိမိတို့အနေဖြင့် အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။


ပြီးခဲ့သည့် ခြေစမ်းပွဲစဉ်တစ်ပွဲဖြစ်သည့် အင်တာမီလန်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ် အပြီးတွင် မီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ အန်စလော့တီက “ခြုံပြောရရင် ကျွန်တော်တို့ရဲ့ ရာသီကြိုခြေ စမ်းပွဲစဉ်တွေရလဒ်က အရမ်းအားရဖို့ကောင်းပါတယ်။ ကျွန်တော်တို့ အသင်းသားတွေဟာအကောင်းဆုံး စုစည်းမှု တွေရှိနေသလို အကောင်းဆုံးလည်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ စတင်တော့မယ့်ရာသီသစ်ကို စတင်ဖို့ အကောင်းဆုံးအခြေအနေတစ်ခုကို ပိုင်ဆိုင်ထား ပါပြီ။ ကျွန်တော်တို့ရဲ့ တိုက်စစ်အင်အားစုဟာလည်း အကောင်းဆုံးပုံစံရနေပြီဆို တာ ပြသနိုင်ခဲ့ပါပြီ”ဟု ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ယခုနှစ်တွင် ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် သြဂုတ် ၁၀ ရက်အထိ ပွဲစဉ်ပေါင်း ခုနစ် ပွဲကစားခဲ့ရာတွင် တစ်ပွဲသာ သရေကျခဲ့ပြီး ကျန်ခြောက်ပွဲစလုံးကို အနိုင်ရရှိခဲ့ကာ တိုက်စစ်ကလည်း သွင်းဂိုးပေါင်း ၂၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။

ဆက်လက်၍ အန်စလော့တီက ဒဏ်ရာပြဿနာအနည်းငယ်နှင့် ရင်ဆိုင်ခဲ့ရသော ကစားသမားများမှာ လည်း ကြံ့ခိုင်မှု ပြန်လည်ကောင်း မွန်လာပြီဖြစ်ကြောင်း အသိပေးပြောကြားသွားခဲ့သည်။ ၎င်းက “ဒဏ် ရာပြဿနာ အနည်းငယ်ရှိခဲ့တဲ့ အလွန်ဆိုနဲ့ ဗာရာနီတို့လည်း ပြန် လည်ကောင်းမွန်နေပါပြီ။ ရာသီသစ်ကို သူတို့အကောင်းဆုံးရင် ဆိုင်နိုင်ပါလိမ့်မယ်။ အီလာရာမန်ဒီကတော့ အချိန်အနည်း ငယ်လောက် စောင့်ကြည့်ရဦးမှာပါ”ဟု ပြောကြားခဲ့သည်။

ထို့အပြင် အသင်းမှထွက်ခွာမည်ဟု သတင်းထွက်ပေါ်နေသော ကစားသမားများ၏သတင်းနှင့် ပတ် သက်၍လည်း အန်စလော့တီက “ခီဒီရာ၊ ကွန်ထရာအိုတို့ ဒီနွေရာသီမှာ ဘယ်ကိုမှ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ ဒီမာရီယာလည်း ရီးယဲလ်မှာပဲ ဆက်ရှိနေမှာပါ။ သူတို့လို အတွေ့အကြုံရှိကစားသမား တွေကို အသင်းမှာ ဆက်ထိန်းထားနိုင်တာဟာ အသင်းရဲ့အင်အားကို ထိန်းသိမ်းထားနိုင်တာပါပဲ”ဟု ရှင်းလင်းပြောဆိုခဲ့သည်။

အန်စလော့တီက ရာသီကြိုခြေစမ်းပွဲစဉ်များတွင် အသင်း၏ အဓိကကစားသမား စီရော်နယ်ဒို ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းအတွက်လည်း အားရကျေနပ်နေပြီး အသင်း၏လူငယ် ကစားသမားများ၏ အစွမ်းကို လည်း ချီးကျူးပြောဆိုသွားခဲ့သည်။

အောင်သုတ
မဇ္ဈိမ

No comments:

Post a Comment