ပြီးခဲ့သည့်စနေနေ့မှစတင်ကာ ရုရှားနိုင်ငံ မော်စကိုတွင် ကျင်းပပြုလုပ်နေသော ကမ္ဘာ့ချန်ပီယံရှစ်ပြေး ခုန်ပစ်ပြိုင်ပွဲ၏ မီတာ ၁၀,၀၀၀ တာဝေးအပြေးပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံသား မိုဖာရာက ဗိုလ်စွဲပြီး ရွှေတံ ဆိပ်ဆုကို ရရှိသွားခဲ့သည်။ မိုဖာရာသည် မီတာ ၁၀,၀၀၀ ပြိုင်ပွဲ၏ တာထွက်စမှ နောက်ဆုံးဦးဆောင် နိုင်ချိန်အထိ ၂၃ မိနစ်ခန့် အချိန်ယူခဲ့ရကာ နောက်ဆုံးတွင်
၎င်း၏တစ်ရာသီလုံးအကောင်းဆုံး စံချိန်ဖြစ် သည့် ၂၇ မိနစ် ၂၁.၇၁ စက္ကန့်ဖြင့် ပန်းဝင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏နောက်တွင် အီသီယိုးပီးယားအပြေး သမား အီဘရာဟမ်ဂျေးလန်က ၂၇ မိနစ် ၂၂.၂၃ စက္ကန့်ဖြင့် ငွေတံဆိပ်ရရှိခဲ့ပြီး ကင်ညာနိုင်ငံသား ပေါလ်တင်အူအီက ၂၇ မိနစ် ၂၂.၆၁ စက္ကန့်ဖြင့် တတိယနေရာတွင် ရပ်တည်ပြီး ကြေးတံဆိပ်ဆုကို ရရှိသွားခဲ့ ကြသည်။
ပြီးခဲ့သည့်နှစ်က လန်ဒန်အိုလံပစ်ပြိုင်ပွဲ ၏ မီတာ ၁၀,၀၀၀ နှင့် မီတာ ၅,၀၀၀ ပြိုင်ပွဲ နှစ်ခုလုံးတွင် ရွှေတံ ဆိပ်ရယူနိုင်ခဲ့သော အသက် ၃၀ နှစ်အရွယ်ရှိ မိုဖာရာသည် ၂၀၁၁ ခုနှစ်က ဒေဂူး၊ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွင် အီသီယိုးပီးယားနိုင်ငံသား ဂျေးလန်၏ နောက်ကောက်ကျခဲ့မှုခံခဲ့ရခြင်းအာ
အတွက် ပထမဆုံးသောဆုတံဆိပ်လည်း ဖြစ်သည်။
“ပြီးခဲ့တဲ့နှစ်နှစ်က အတွေ့အကြုံတွေ ကျွန်တော်သတိရမိပါတယ်။ ကစားသမားတွေ အကုန်လုံးဟာ တစ်ယောက်နဲ့တစ်ယောက် အသာယူနိုင်တဲ့သူတွေချည်းမို့ ကျွန်တော်လျှော့မတွက်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် အာရုံစူးစိုက်ထားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် အနိုင်ရခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်”ဟု ဘီဘီစီအားကစား ရုပ်သံလိုင်းနှင့် တွေ့ဆုံရာတွင် မိုဖာရာက ဖွင့်ဟခဲ့သည်။
အောင်သုတ
မဇ္ဈိမ
No comments:
Post a Comment