Tuesday, August 13, 2013

မန်ယူ ညာနောက်ခံလူ ရာဖေး ငါးပတ်ခန့် နားရမည်

Photo: မန်ယူ ညာနောက်ခံလူ ရာဖေး ငါးပတ်ခန့် နားရမည်
Tuesday, August 13, 2013

မန်ယူအသင်းက ဝီဂန်အသင်းကို အနိုင် ရရှိခဲ့သော ရာသီကြို ကွန်မြူနတီ ဒိုင်း ပြိုင်ပွဲတွင် ပါဝင် ကစားခဲ့သော မန်ယူအသင်း၏ ညာနောက်ခံ ကစားသမား ရာဖေးသည် တံကောက်ကြောတွင် ဒဏ်ရာ ရရှိခဲ့မှုကြောင့် ငါးပတ်ခန့် နားရမည် ဖြစ်ကြောင်း Guardian သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါပွဲတွင် ရာဖေးသည် ပွဲချိန် ၁၅ မိနစ်သာ ပါဝင် ကစားခဲ့ရပြီး ဒဏ်ရာကြောင့် အခြား နောက်ခံ ကစားသမား တစ်ဦးဖြစ်သူ ခရစ် စမောလင်းနှင့် လူစား လဲခဲ့ရသည်။ မန်ယူအသင်းမှာ ထိုပွဲတွင် ဝီဂန် အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အကြိမ် နှစ်ဆယ်မြောက် ကွန်မြူနတီ ဒိုင်း ဆုဖလားကို ရရှိ ခဲ့သည်။

ရာဖေး ဒဏ်ရာရသွားမှုသည် မန်ယူနည်းပြ ဒေးဗစ်မိုရက်စ်အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်စေပြီး ရာသီအစ ပွဲစဉ်များ ဖြစ်သော ဆွမ်ဆီး၊ ချယ်ဆီးလ်၊ လီဗာပူးလ်၊ ခရစ်စတယ်ပဲလေ့စ်၊ မန်းစီးတီး စသော အသင်း များနှင့် ရင်ဆိုင်ရသော ပွဲစဉ်များတွင် ညာနောက်ခံ ကစားသမား နေရာ အတွက် အခက်တွေ့ဖွယ် ရှိကြောင်း Guardian သတင်းစာက ဖော်ပြခဲ့သည်။

The Voice Weekly

No comments:

Post a Comment