ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကွင်းကြီးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာ ပုသိမ်-ဟင်္သာတ ရထားသံလမ်းပေါ်တွင် သြဂုတ်လ ၈ ရက်နေ့က အိပ်ပျော်နေသူနှစ်ဦး ရထားကြိတ်မိ၍ တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပုသိမ်-ဟင်္သာတ ရထားလမ်း မိုင်တိုင် ၁၄၆ အနီးတွင် ယင်းနေ့နံနက် ၁ နာရီ မိနစ် ၃၀ ခန့်က သခွတ်ကုန်းကျေးရွာအုပ်စု ကွင်းကြီးရွာနေ အသက် ၂၅ နှစ်အရွယ်ခန့် အမျိုးသားနှစ်ဦး ငါးထောင်ရန် သွားရောက်စဉ် ရထားလမ်းပေါ် အိပ်ပျော်နေရာမှ ကျောက်များ တင်ဆောင်လာသည့်ရထား ကြိတ်မိခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ရထားကြိတ်မှုကြောင့် အဆိုပါ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ နေရာ၌ပင် သေဆုံးသွားပြီး တစ်ဦးမှာပြင်းထန်စွာ ဒဏ်ရာရရှိသဖြင့် ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း ရေကြည်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ဝင်းနိုင်ဦးက ဆိုသည်။
သေဆုံးမှုကို သေမှုသေခင်းအမှတ် စဉ် ၅/၂၀၁၃ ဖြင့် အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးနေကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
No comments:
Post a Comment