ရှစ်လေးလုံးအခမ်းအနား လာတက်သည့် ကလို့ထူးဘောစစ်ဌာနချုပ်မှ DKBA အရာရှိတစ်ဦး ရန်ကုန်မြို့တွင်း လက်နက်ကိုင်ဆောင်ရမ်းကားသဖြင့် လက်နက်အသိမ်းခံထားရ

သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသည့် ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်
အခမ်းအနား လာရောက်သည့် ကလို့ထူးဘော စစ်ဌာနချုပ်မှ DKBA
ကိုယ်ရေးအရာရှိတစ်ဦး ရန်ကုန်မြို့နယ်တွင်းတရားမ၀င်
လက်နက်ကိုင်ဆောင်ရမ်းကားသဖြင့် သေနတ် သိမ်းဆည်းခံ
လိုက်ရကြောင်း သိရှိရသည်။
အဆိုပါုသေနတ်မှာ ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ အခြေစိုက်
DKBAကလို့ထူးဘောစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး၏ ကိုယ်ရေးအရာရှိ
ဗိုလ်စောရဲလှိုင်၏ သေနတ်ဖြစ်ပြီး ၎င်းသည် သြဂုတ် ၆ ရက်က သန်လျင်သို့
အလည်သွားခဲ့ရာ ပြဿနာတစ်ခု ဖြစ်ပွားစဉ် တရားမ၀င် ပါလာသည့် ယင်းသေနတ်ကို
ကိုင်ဆောင်ခြိမ်းခြောက်ခဲ့ခြင်းကြောင့်
သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သိမ်းဆည်းလိုက်ခြင်း ကြောင်းသိရှိရသည်။
ကလို့ထူးဘောစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး၏ ကိုယ်ရေးအရာရှိ
ဗိုလ်စောရဲလှိုင်မှသြဂုတ် ၆ရက်တွင် သန်လျင်ရှိအသိအိမ်သို့
သွားရောက်သည့်လမ်းတွင် ကားတစ်စီးကပိတ်ရပ်ပြီး တုတ်၊ တူများ ကိုင်ထားသည့်
လူသုံးယောက်က ရန်ပြုရန်ပြုမူသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် သေနတ်ဖြင့်
ခြောက်လှန့်ခဲ့
သည်ဟု ပြောဆိုခဲ့သော်လည်း မျက်မြင်သက်သေများမှ
ပြောကြားရာတွင် သံလျင် GTC ကျောင်းကြိုပို့ယာဉ်နှင့်
လမ်းလုကြရာမှဗိုလ်စောရဲလှိုင်မှ ပါလာသည့်သေနတ်ဖြင့် ခြိမ်းခြောက်သဖြင့်
တာဝန်ကျရဲများမှ လက်နက်အားလာရောက်သိမ်းယူသွားကြောင်းသိရှိရသည်။
ကလို့ထူးဘော စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က
“ကိုယ့်ဘက်ကလူက ဥပဒေနဲ့ ငြိစွန်းတယ် မှားတယ်ဆိုရင် အရေးယူလိုက်ပါလို့
ကျွန်တော်တို့ဘက်က ပြောပါတယ်၊ ဒါပေမယ့် ခရိုင်ရဲတွေက ခင်ဗျားတို့ဘက်က
မမှားပါဘူး၊ သေနတ်ကတော့ ရန်ကုန်တိုင်းထဲမှာ ကိုင်လို့မရလို့ သိမ်းထား တာပါ၊
ပြန်ရင်ပြန်ပေး
ပါ့မယ်လို့ ပြောတယ်၊ သူတို့ဘက်က ပြန်ပေးမယ်ပြောထားလို့ ပြန်ခါနီး ပြန်တောင်းတော့ မပေးဘူး”ဟု ပြောသည်။
DKBA ကလို့ထူးဘော စစ်ဌာနချုပ်တပ်ဖွဲ့နှင့် အစိုးရတို့အကြား ၂၀၁၁ ခုနှစ်
နိုဝင်ဘာလ ၃ ရက်တွင် အပစ်အခတ် ရပ်စဲထားခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲ တပ်ဖွဲ့များသည် ကန့်သတ်နယ်မြေ
(တိုင်းရင်းသားလက်နက်ကိုင်တို့ နယ်မြေ)မှ အခြားအစိုးရနယ်မြေသို့
သွားရောက်မည်ဆိုလျှင် လက်နက်မဲ့ သွားရမည်ဟူသည့် အချက် ပါရှိသော်လဲ
ငြိမ်းချမ်းရေးအဖွဲများအနေဖြင့် မြို့တွင်းသို့ လက်နက်များ လျို့ဝှက်သယ်ဆောင်လားပြီး ပြသူလူထုနှင့်မကြာခဏပြသနာဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
Daw Na
No comments:
Post a Comment