လန်ခရူဆာယာဉ် ရေမြောင်းထဲပြုတ်ကျ၊ သုံးဦးရေနစ်သေဆုံး
ရခိုင်ပြည်နယ်
မင်းပြား-ပေါက်တော လမ်းမကြီးပေါ်တွင် သြဂုတ်လ ၈ ရက်နေ့က တိုယိုတာလန်ခရူဆာ
အမျိုးအစား ယာဉ်တစ်စီးသည် အရှိန်လွန်ကာ လမ်းဘေးရှိ ရေမြောင်းကြီးထဲ
ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်တွင် ပါလာသော လူသုံးဦး ရေနစ်သေဆုံးပြီး တစ်ဦးဒဏ်ရာ
ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မင်းပြား-ပေါက်တော လမ်းဖောက်လုပ်စဉ်က တူးထားသော အကျယ် ပေ ၂၀ ခန့်၊ အနက် ၁၅
ပေ ခန့်ရှိသည့် ရေမြောင်းထဲကို ပြုတ်ကျခဲ့သည့် အဆိုပါယာဉ်တွင် လူခုနစ်ဦး
လိုက်ပါခဲ့ရာ ယာဉ်မောင်း အပါအဝင် သုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း
မင်းပြားမြို့နယ် တွင် နေထိုင်သူ ဦးစိုးမင်းက ပြောကြားသည်။
အဆိုပါ သေဆုံးသွားသူများသည် မင်းပြားမြို့နယ် မော်ကျေးရွာမှ
ဒေသခံများဖြစ်ပြီး ချောင်းချေကျေးရွာသို့ သွားသည့် ခရီးတွင်
ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
သေဆုံးသွားသော
ယာဉ်မောင်းဖြစ်သူ ဦးကိုကိုသိန်းကို မင်းပြားမြို့နယ် ရဲစခန်းက
ယာဉ်(ပ)၇/၂၀၀၃၊ ပြစ်မှုပုဒ်မ ၃၀၄(က) ၃၀၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရသည်။
No comments:
Post a Comment