Saturday, August 10, 2013

အမေရိကန်က မြန်မာ့ပို့ကုန်များကို ပိတ်ပင်ထားသည့် ဥပဒေသက်တမ်း ကုန်ချိန်တွင် တားမြစ်ချက် အမိန့်တစ်ရပ် ထုတ်ပြန်

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ ပို့ကုန်များကို ပိတ်ပင်ထားသည့် Burmese Freedom and Democracy Act's (BFDA) သက်တမ်း ကုန်ဆုံးချိန်တွင် အမေရိကန်သမ္မတက တားမြစ်ချက် အမိန့်တစ်ခု ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ BFDA ဥပဒေကို ၂၀၀၃ ခု နှစ်က အမေရိကန် သမ္မတက လက်မှတ်ရေးထိုး သဘောတူ ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ပြန်လည် သက်တမ်းတိုးရသည့် ဥပဒေတစ်ရပ် ဖြစ်သည်။
ယခင်က ၎င်းဥပဒေမှာ မြန်မာနိုင်ငံမှ သွင်းကုန်အားလုံးကို ကန့်သတ်ခြင်း၊ မြန်မာနိုင်ငံသို့ ငွေကြေးဝန်ဆောင်မှု ပေးခြင်းများကို ကန့်သတ်ခြင်း၊ မြန်မာ့အစိုးရ ခေါင်းဆောင်များကို ဗီဇာကန့်သတ်ချက် တိုးမြှင့်ခြင်းတို့ ပါဝင်သည်။

၎င်းဥပဒေမှာ မြန်မာနိုင်ငံမှ သွင်းကုန်အားလုံးကို ကန့်သတ်ခြင်း၊ မြန် မာနိုင်ငံသို့ ငွေကြေးဝန်ဆောင်မှု ပေးခြင်းများကို ကန့်သတ်ခြင်း၊ မြန်မာ့အ စိုးရ ခေါင်းဆောင်များကို ဗီဇာကန့်သတ်ချက် တိုးမြှင့်ခြင်း...

၎င်းဥပဒေမှာ ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က ကုန်ဆုံးသွားခြင်းဖြစ်ပြီး မြန် မာ့ပို့ကုန်များ တင်သွင်းမှု ကန့်သတ်ခြင်းကို ပယ်ဖျက်လိုက်သော် လည်း ကျောက်စိမ်းနှင့် ပတ္တမြားကဲ့သို့ ကျောက်မျက်ရတနာများ တင်သွင်းမှု တားမြစ်ချက်ကို ဆက်လက်ထားရှိ သွားမည့်အမိန့်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ တားမြစ်ချက်ကို ဆက်လက် ထားရှိရခြင်းမှာ မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံနှင့် တာဝန်ယူမှုရှိသည့် စီးပွားရေး ချိတ်ဆက်မှုများနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အားပေးသည့် မူဝါဒကို ချမှတ်သွားရန် ရှိသည်ဟု ဆိုသည်။
ထိုသို့ ပြုလုပ်ရခြင်းမှာ အိုဘားမား အစိုးရအဖွဲ့က မြန်မာနိုင် ငံ၏ ပြုပြင်ပြောင်းလဲရေး အတွက် တာဝန်ယူမှုရှိသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကြိုးပမ်းမှု ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment