မုံရွာမြို့၊
မြန်မာ့စီးပွားရေးဘဏ်အနီးမှာ လက်ပံတောင်းရွာခံ ၁၀၀ ခန့် ခွင့်ပြုချက်မရဘဲ
ဆန္ဒထုတ်ဖော်တဲ့အတွက် ဒေါ်နော်အုန်းလှအပါအ၀င် အမျိုးသမီး(၁၀)ဦးကို
မုံရွာမြို့၊ အမှတ်(၁)မြို့မရဲစခန်းက ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ မုံရွာမြို့မရဲစခန်းတာဝန်ရှိ သူတစ်ဦးကပြောပါတယ်။
ဆန္ဒပြတဲ့သူတွေအနေနဲ့ ဒေသခံတွေကို ဖိနှိပ်ခံရတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက်ယခုလိုဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ဆန္ဒထုတ်ဖော်သူတွေက ဆိုပါတယ်။
ဆန္ဒထုတ်ဖော်မှုကို ယနေ့နေ့လည်၂နာရီကစတင်ပြီး ၃ နာရီဝန်းကျင်မှာ အမှတ်(၁)ရဲစခန်းက စတင်ဖမ်းဆီး တာ ဖြစ်တယ်လို့ မုံရွာမြို့၊ မော်ဒန် သတင်းထောက်က သတင်းပေးပို့ပါတယ်။နောက်ဆုံးရရှိတဲ့သ တင်းတွေအရ ယခုအချိန်မှာမြို့မဂါတ်ကျောင်းတဲအနောက်ပေါက် မှာရဲအင်အား ၁၅ ဦးခန့်ပိတ်ဆို့ဝန်းရံထားပါတယ်။
The Modern News Journal

No comments:
Post a Comment