Tuesday, August 13, 2013

ပုသိမ်အထည်ချုပ်စက်ရုံတစ်ခု ခွင့်မဲ့ပျက်သူများကို အလုပ်ထုတ်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်ရှိ Delta Industrial Group က အထည်ချုပ် အလုပ်သမား ၃၄ ဦးကို အလုပ်ချိန် ခွင့်မဲ့ပျက်ကွက်၍ သြဂုတ်လ ၈ ရက်နေ့တွင် စက်ရုံဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း စက်ရုံ အထွေထွေမန်နေဂျာ ဒေါ်ဥမ္မာကြည်က ပြောကြားသည်။

အဆိုပါ အလုပ်သမားများသည် သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် အလုပ်နှစ်ရက် ပျက်ကွက်ခဲ့ပြီး ကုန်ထုတ်လုပ်မှု နစ်နာအောင် ပြုလုပ် ခဲ့ခြင်းကြောင့် အလုပ်မှ ထုတ်ပယ် အပြစ်ပေးခြင်းဖြစ်ကာ ပြန် လည် လျှောက် ထားပါက စိစစ်လက်ခံမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



အထည်ချုပ်စက်ရုံ တည်ထောင်မှု ကာလမှာ တစ်လသာရှိပြီး အရှုံးပေါ်နေခြင်းကြောင့် လုပ်ခလစာလည်း အပြည့်အဝ မရရှိသည့်အပြင် ၎င်းတို့ ၀န်ထမ်းများအနေနှင့် ခွင့်မဲ့သုံးရက် ပျက်ခွင့်ရှိသည့်အတွက် အလုပ်မှထုတ်ပယ်ခြင်း မပြုသင့်ကြောင်း အလုပ်မှထုတ်ပယ်ခြင်းခံရသူ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အလုပ်နှစ်ရက်ပျက်တော့ စက်ရုံမှာ နစ်နာမှုရှိတာ အမှန်ပါ။ အလုပ်သမားတွေလည်း နစ်နာပါတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှုလွဲတာတွေ ရှိနေလို့ပါ။ အုပ်ချုပ်မှုအဖွဲ့ကို အကြောင်းကြားပြီး အကုန်လုံးကို ပြန်ခန့်ဖို့ တင်ပြပေးမယ်” ဟု အဆိုပါ အထည်ချုပ်စက်ရုံ တည်ဆောက်ရေး တာဝန်ခံ ဦးခင်မြင့်စိုးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment