နိုင်ငံရေး အကျဉ်းသားဆိုသော်လည်း ရာဇဝတ်မှုကြောင့် ဖမ်းဆီးခံရသည့် တရားခံများအား လွတ်ငြိမ်းချမ်း သာခွင့်ပြုခြင်းသည် ပြည်သူများအား သစ္စာဖောက်ရာ ရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများ
အား လွှတ်ပေးနေ သော်လည်း ရာဇဝတ်မှုကျူးလွန် သူများနှင့် ပတ်သက်၍ ဦးအောင် မင်းက ''သူတို့က နိုင်ငံရေးပြစ်မှု ကျူးလွန်တယ်ဆိုရင် နိုင်ငံရေး
ပြစ်မှုကျူးလွန်တဲ့သူက အလိုလိုပါသွားမှာပေါ့။ အကယ်၍ သူက ရာဇဝတ်မှု ကျူးလွန်တယ်၊ လူတစ်ဦးတစ်ယောက်က ထိခိုက်နစ် နာတယ်၊ သေတယ်၊
ကျေတယ် ဆိုရင် ကျွန်တော် လုပ်ပေးလို့မရဘူး။ လုပ်ပေးလိုက်ရင် ပြည်သူ
တွေဘက်က သစ္စာဖောက်ရာကျမယ်''ဟု ပြောသည်။
ဩဂုတ် ၁၀ ရက်တွင် မြန် မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင် ရေးဗဟိုဌာန
တွင် ကျင်းပသည့် ABSDF ကျာင်းသားတပ်ဦး နှင့် ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲအပြီးတွင် မီ ဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
နိုင်ငံရေးအရ မတရားအ သင်းအဖြစ် သတ်မှတ်ခံရသူများအား ပယ်ဖျက်ပေး
လိုက်ပါက နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်
နိုင်မည်ဖြစ်ကြောင်း၊ မည်သူတစ်ဦး တစ်ယောက်မှ ဥပဒေအား ကျော် လွန်လုပ်ဆောင်၍ မရနိုင်ကြောင်း ဆက်လက် ပြောကြားသည်။
''နိုင်ငံရေးပြစ်မှုကတော့ ကျွန်တော်တို့က လုပ်ပေးလိုက်လို့ရတယ်။ လျှော့ပေး
လိုက်လို့ရတယ်။ ကျန်တာတော့ ကျွန်တော် လုပ်ပေးလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ နစ်နာတဲ့သူ ရှိတဲ့အ တွက်ပေါ့လေ။ ဒါကတော့ ပြည် သူတွေဘက်က ရပ်တည်ပေးရမှာ ဖြစ်တာပေါ့။ ဒါကတော့ သူ့ကိစ္စ သူရှင်း
ရမှာပဲ''ဟု ရာဇဝတ်မှုနှင့် ပြစ်မှုမြောက်သည့် အကျဉ်းသားများနှင့် ပတ်သက်၍
ပြောကြားသည်။
နိုင်ငံရေးအရ မပြေလည်မှု များကြားတွင် နိုင်ငံရေးအရကြိုး ပမ်းဆောင်ရွက်
မှုများတွင် ကျောင်း သားများအနေဖြင့် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ-၁၇(၁)နှင့် ဖောက်ခွဲရေး ပြစ်မှုများဖြင့် တ ရားစွဲဆိုခံရခြင်းများ ရှိခဲ့ကြောင်း၊ ယင်းကိစ္စများမှာ အတိတ်က ဖြစ် ရပ်များအဖြစ်မှတ်ယူပြီး ယင်းကိစ္စများအား
တရားမျှတမှုရှိရှိ အစိုးရနှင့် ပြစ်မှုဆိုင်ရာအလိုက်ဆက်လက်အဖြေရှာ
ဆွေးနွေးသွားမည်ဖြစ်ကြောင်း ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက
ပြောကြားသည်။
''ဒါတွေကို တရားမျှတမှု ရှိရှိ ဆက်လက်အဖြေရှာ ဆွေးနွေး နိုင်ပြီး နှစ်ဖက်
အသေးစိတ် ပြစ်မှု ဆိုင်ရာ တစ်ခုချင်းအလိုက် ဆက်လက်ဆွေးနွေးဆောင်
ရွက်သွား မှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံရေး အကျဉ်းသား
ပြန်လည်စိစစ်ရေး ကော်မတီအား ဖွဲ့စည်းခဲ့ပြီး အ ကျဉ်းသားများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၁၁ ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်
ပေးခဲ့ပြီးဖြစ်သည်။
Yangon Media Group

No comments:
Post a Comment