ESPNFC.com အားကစားသတင်းဌာန၏ ဖော်ပြချက်အရ ၀ိန်းရူနီသည် မန်ယူကို စွန့်ခွာကာ ချဲလ်ဆီးအသင်းနှင့် သွားရောက် ပူးပေါင်းတော့မည့် အကြောင်းကို သူ၏ အသင်းဖေါ် တချို့အား ထုတ်ဖေါ် ပြောကြား လိုက်သည်ဟု သိရသည်။
သူနှင့် မန်ချက်စတာယူနိုက်တက်၏ စီနီယာ ကစားသမားများ ဖြစ်သော ရွိုင်ယန်ဂစ်နှင့် ဖာဒီနန် တို့အကြားတွင် ဆက်ဆံရေးများ အေးခဲနေခဲ့သည်မှာ ရက်အတန်ငယ်ကြာခဲ့ပြီဟုလည်း သိရသည်။ သိသာပေါ်လွင်သွားသည့် အချက်မှာ ယမန်နေ့ညက ဖာဒီနန်၏ ဂုဏ်ပြုပွဲတွင် မည်သည့် အသိအမှတ်ပြုမှု့ကို မှ မပြခဲ့ခြင်းဖြစ်သည်။
တကယ်တန်း မန်ချက်စတာ ယူနိုက်တက်တွင် ရူးနီနှင့် ဖာဒီနန်တို့၏ ဆက်ဆံရေးမှာ တဦးကိုတဦး အရေးပေးလွန်း ကြသည့် သူများဖြစ်ကြကြောင်း သတင်းများကလည်း ထောက်ပြကြသည်။
Football-Cafe

No comments:
Post a Comment