Monday, August 12, 2013

၂၀၁၃ ခုနှစ်တွင် အာဆီယံနိုင်ငံများက ချီးမြှင့်မည့် ထင်ရှားကျော်ကြားသော ကဗျာဆရာဆုကို မြန်မာနိုင်ငံကမောင်စိန်ဝင်း (ပုတီးကုန်း)ကရရှိ

နှစ်စဉ်အာဆီယံနိုင်ငံများက ထင်ရှားကျော်ကြားသော စာရေးဆရာများကို
ဆုများပေးအပ်ချီးမြှင့်လျှက်ရှိရာတွင်ယခုလာမည့် ၂၀၁၃ ခုနှစ် ထင်ရှား
ကျော်ကြားသောကဗျာဆရာဆုကို မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)
၏ရွေးချယ်မှုနှင့်မြန်မာနိုင်ငံ၏ထင်ရှားကျော်ကြားသောကဗျာဆရာအဖြစ် စာရေးဆရာကဗျာဆရာမောင်စိန်ဝင်း (ပုတီးကုန်း) က ရရှိခဲ့ကြောင်း
သိရသည်။



အဆိုပါဆုကိုထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ၂၀၁၃ ခုနှစ်
အောက်တိုဘာလ ၁၄ ရက်နေ့တွင်တက်ရောက်လက်ခံရယူရမည်ဖြစ်ပြီး
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) သည်ယခုလိုဆုပြန်လည်ရွေးချယ်သည့်
အချိန်တွင်ကဗျာနှင့်ပထမဆုံးရရှိသူဖြစ်ကြောင်းသိရသည်။ ယခင်
မြန်မာနိုင်ငံ က စာရေးဆရာများကိုရွေးချယ်ခဲ့ရာမှ နှစ်အတန်ကြာ
ရွေးချယ်ခြင်းကိုရပ်နားထားခဲ့ပြီး ယခုနှစ်တွင်ပြန်လည်ရွေးချယ်ခြင်း
ဖြစ်ကြောင်း သိရသည်။

ယခုလို ရွေးချယ်ရာတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းက ၃ နှစ်တာကာလအတွင်းကဗျာလုံးချင်းစာအုပ် ထုတ်ဝေခဲ့ပြီး
ကဗျာရေးသားသူများအနက်မှ ဗဟိုကော်မတီဝင် အားလုံး၏ဆန္ဒနှင့်
ယခုလိုရွေးချယ်ခြင်းဖြစ်သည်။

ကဗျာဆရာမောင်စိန်ဝင်းပုတီးကုန်းသည်ကဗျာလုံးချင်း (၁၀) အုပ်ထုတ်ဝေထားပြီးဝတ္တုစာအုပ်ပေါင်းများစွာ
ကိုလည်းရေးသားထုတ်ဝေနေသူဖြစ်ကာစာဖတ်ပရိသတ်များ၏နှစ်သက်
အားပေးမှုကိုရရှိနေသော စာရေးဆရာတစ်ယောက် ဖြစ်ကြောင်းသိရသည်။

SkyNet TV Browser

No comments:

Post a Comment