မင်းသား ဂျက်စတင် သောရက်စ်နှင့် စေ့စပ်ထားသည့်တိုင် အနစ္စတန် အနေဖြင့် ကလေးယူရန် လုံးဝ မစဉ်းစားသေးချေ
ဂျန်ီဖာ အနစ္စတန်က သူမအနေဖြင့် သားသမီး မရှိခြင်းကို စိတ်ပျက်စရာဟု လုံးဝ မယူဆကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ ယခင်က ဟော လီးဝုဒ် နာမည်ကျော်မင်းသား ဘရတ်ပစ်တ်နှင့် အိမ်ထောင်ကျဖူးသလို လတ်တလောတွင် မင်းသား ဂျက်စတင် သောရက်စ်နှင့် စေ့စပ်ထားသည့် တိုင် အနစ္စတန် အနေဖြင့် ကလေးယူရန် လုံးဝ မစဉ်းစားသေးချေ။ သူမအသက်သည် (၄၄)နှစ် ရှိနေပြီ ဖြစ်ခြင်းကြောင့် မိသားစု တစ်ခုကို သိုက်သိုက်ဝန်းဝန်း ထူထောင်ရန် အချိန်အခါ သင့်နေပြီဟု ဝေဖန် အကြံပြုမှုများ ရှိနေသော်လည်း အနစ္စတန် ကိုယ်တိုင်ကမူ ကလေးမရှိသည့်အတွက် မည်သည့်အခါကမျှ နောင်တမရခဲ့ကြောင်း တုံ့ပြန်သွားသည်။
We're the Millers စတား မင်းသမီးကကျွန်မဘဝမှာ အံ့ဩစရာ အလုပ်တစ်ခုရှိတယ်။ အံ့ဩစရာ သူငယ်ချင်းကောင်းတွေ ရှိတယ်။ သိပ်အံ့ဩဖို့ကောင်းတဲ့ ချစ်သူလည်းရှိတယ်။ လှပတဲ့ ခွေးလေးတွေ လည်း မွေးထားတယ်။ သူတို့ရှိနေတာ ဆူဆူညံညံနဲ့ ပျော်စရာကောင်း ပါတယ်။ ပြောချင်တာက ကျွန်မအတွက် ထိတွေ့ဆက်ဆံရတဲ့ သူတိုင်းက ချိုသာပြီး ကျေနပ်စရာတွေချည်းပဲဟု ပြောကြားခဲ့သည်။ သူမက မိသားစုဆိုသော အသုံးအနှုန်းသည် သားသမီးယူခြင်းနှင့် မဆိုင်ကြောင်း လည်း ဆိုသည်။
ကောင်းပြီ။ မိသားစုဆိုတာကို ကျွန်မဖာသာ အဓိပ္ပါယ် သတ်မှတ်မယ်။ ကျွန်မအတွက် မိသားစုဆိုတာကို ကျွန်မဖာသာ ရွေးချယ်မယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေရယ်၊ ကျွန်မချစ်သူရယ်က ကျွန်အတွက် စစ်မှန်တဲ့ မိသားစုပဲဟုလည်း အနစ္စတန်က ပြောဆိုခဲ့သေးသည်။ သူမက ကလေး ယူမယူ ကိစ္စနှင့် ပတ်သက်ပြီး ကလေးဘယ်လောက် မွေးမလဲဆိုတာ ကျွန်မ တွေးရမလား။ ယောက်ျားလေးလား၊ မိန်းကလေးလား။ ပြောရရင် ကျွန်မ ဒီကိစ္စကို အလေးအနက်ကို မစဉ်းစားဖူးဘူး။ ကျွန်မဘဝအတွက် ဒါဟာ မောင်းနှင်အားတစ်ခု ဖြစ်ပါ့မလားလို့ကို မတွေးမိတာ။ ဒါက ကျွန်မ ရိုးရိုးသားသား ပြောတာပါဟုလည်း ဖြေကြားသွားသည်။
Planet Myanmar Network

No comments:
Post a Comment