Monday, August 12, 2013

နှစ်ပေါင်း(၅၀)အတွင်း ပထမဆုံးပုဂ္ဂလိက နေ့စဉ်ထုတ် အင်္ဂလိပ်ဘာသာ သတင်းစာထွက်ရှိမည်

နှစ်ပေါင်း(၅၀)အတွင်း ပထမဆုံးပြန်လည်ပေါ်ထွက်လာသော ပုဂ္ဂလိကနေ့စဉ်
ထုတ်အင်္ဂလိပ်ဘာသာ သတင်းစာကိုသြဂုတ်လ(၁၉)ရက်နေ့ကစတင်၍
ရန်ကုန်၊မန္တလေး၊နေပြည်တော်တို့တွင် ဖြန့်ချိသွားမည်ဟု သိရသည်။
အဆိုပါသတင်းစာကိုသြဂုတ်လ(၈)နေ့က စမ်းသပ်ထုတ်ဝေနေပြီး
Myanma_Freedomဟုအမည်ပေးထားသည်။မြန်မာနိုင်ငံတွင် မြန်မာများ၏ အသံအစစ်နိုင်ငံတကာကို ပြသချင်သည့်အတွက် ထုတ်ဝေခြင်းဖြစ်ကြောင်း
Myanma_Freedomသတင်းစာပိုင်ရှင်နှင့် အယ်ဒီတာချုပ်ဦးသီဟစော
ကပြောကြားခဲ့သည်။

အဆိုပါအင်္ဂလိပ်သတင်းစာကိုလေကြောင်းလိုင်များ၊
ဟိုတယ်များ၊သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူများအတွက်
ဦးတည်ထားကြောင်း ဦးသီဟစောကဆိုသည်။အဆိုပါ အင်္ဂလိပ်
သတင်းစာနှင့်ပတ်သက်၍ ဦးသီဟစောကရှင်းပြခဲ့သည်။၎င်းသတင်းစာ
ကိုလက်ရှိတွင် စာမျက်နှာ(၂၀)နှင့်ဖွဲ့စည်းထားပြီးတစ်စောင်ကို ကျပ်(၂၀၀)နှုန်းဖြင့်ရောင်းမည်ဟုဦးသီဟစောကဆက်လက်ပြောကြားခဲ့သည်

အဆိုပါသတင်းစာကိုအွန်လိုင်း www.myanmarfreedomdaily.com တွင်
သြဂုတ်လ(၈)ရက်နေ့က စတင်၍ တစ်စောင်လုံးကို တင်ပေးနေပြီး
“androidဖုန်းများကတစ်ဆင့်ဖတ်ရှုနိုင်သည်အထိ ဆောင်ရွက်သွားမည်
ဟုသိရသည်။Myanma_Freedom နေ့စဉ်ထုတ်အင်္ဂလိပ်သတင်းစာ
တရားဝင်ဖြန့်ချိသည့်အခါ နိုင်ငံတွင်း၌ နိုင်ငံပိုင်New_Light_of_Myanmar
သတင်းစာထုတ်ဝေနေခြင်းကြောင့် Myanma_Freedom သတင်းစာတရား
ဝင်ဖြန့်ချိသည့်အခါ နိုင်ငံတွင်းအင်္ဂလိပ်ဘာသာစကားနှင့်နေ့စဉ်ထုတ်
သတင်းစာနှစ်စောင် ရှိလာမည်ဖြစ်သည်။

SkyNet TV Browser

No comments:

Post a Comment