မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ ရဲချုပ် တံခွန်စိုက် ဒိုင်း(ကျား/မ) (၄၁)ကြိမ်မြောက် ဘော်လီဘော
ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ကောင်စီနယ်မြေ
ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်း
အားကစား ခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပ ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ရဲချုပ်ဇော်ဝင်း တက်ရောက် ဖွင့်လှစ်၍ အမှာစကား ပြောကြားသည်။
ထို့နောက် အမျိုးသား၊ အမျိုးသမီး
ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲ ပွဲစဉ်များကို အစီအစဉ်အတိုင်း ဆက်လက်
ကျင်းပသည်။ ရဲချုပ် တံခွန်စိုက်ဒိုင်း ဘော်လီဘော ပြိုင်ပွဲတွင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့၊
တပ်ရင်းတပ်ဖွဲ့၊ လေ့ကျင့်ရေးကျောင်း များနှင့် တိုင်းဒေသကြီး/ ပြည်နယ်
များမှ အမျိုးသား၊ အမျိုးသမီး စုစု ပေါင်း ၂၄ သင်း ပါဝင်
ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို သြဂုတ် ၁၈ ရက်အထိ ကျင်းပ သွားမည်
ဖြစ်ကြောင်း သတင်း ရရှိ သည်။

No comments:
Post a Comment