Tuesday, August 13, 2013

အာရှလူငယ် ဝူရှူးပြိုင်ပွဲတွင် မြန်မာ ဆု ၁၁ ခု ဆွတ်ခူး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ သြဂုတ် ၈ ရက်မှ ၁၁ရက်နေ့ထိ ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် အသက် ၁၈နှစ်အောက် အာရှလူငယ် တံခွန်စိုက် ဝူရှူး ပြိုင်ပွဲတွင် မြန်မာ အသင်းက ထောက်လုပြိုင်ပွဲ တစ်မျိုးတည်းမှ ရွှေ တံဆိပ် နှစ်ခု အပါအဝင် ဆုတံဆိပ် ၁၁ ခု ဆွတ်ခူးခဲ့သည်။

မြန်မာ အသင်းသည် ထောက်လုပြိုင်ပွဲအတွက် အမျိုးသား အမျိုးသမီး ၁၁ ဦး ယှဉ်ပြိုင်ခဲ့ရာတွင် ကစားသမား ရှစ်ဦးက ရွှေတံဆိပ် နှစ်ခု၊ ငွေ တံဆိပ် လေးခုနှင့် ကြေးတံဆိပ် ငါးခု ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း ယင်းအားကစားပြိုင်ပွဲ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အာရှနိုင်ငံပေါင်း ၂၃ နိုင်ငံမှ အားကစားသမားပေါင်း ၅၈၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲတွင် ထောက်လု အပြပြိုင်ပွဲနှင့် ဆန်းဆို အတိုက် ပြိုင်ပွဲများ ကျင်းပခဲ့ရာ မြန်မာနိုင်ငံက အားကစားသမား ၂၄ ဦးဖြင့် နှစ်မျိုးလုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ထောက်လုပြိုင်ပွဲမှ ဆုတံဆိပ်များကို ရယူခဲ့ခြင်း ဖြစ် သည်။

The Voice Weekly

No comments:

Post a Comment