Tuesday, August 13, 2013

ဝါတာပိုလိုအသင်း ပထမဆုံးအကြိမ် ပြည်ပတွင် လေ့ကျင့်မည်

Photo: ဝါတာပိုလိုအသင်း ပထမဆုံးအကြိမ် ပြည်ပတွင် လေ့ကျင့်မည်
Tuesday, August 13, 2013

SEA Games ပြိုင်ပွဲဝင်မည့် မြန်မာ ဝါတာပိုလို အဖွဲ့သည် အသင်း သမိုင်းကြောင်း တစ်လျှောက် ပထမဆုံးအကြိမ် ပြည်ပသို့ သွားရောက် လေ့ကျင့်မှုအဖြစ် စင်ကာပူနိုင်ငံ၌ ၂၁ ရက်ကြာ ပူးတွဲ လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါတာပိုလို ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းကျော်ညွန့်က ပြောကြားသည်။

မြန်မာအသင်းအနေနှင့် SEA Games ပြိုင်ပွဲတွင် ဆုတံဆိပ် မရရှိနိုင်သော် လည်း အဆင့်အတန်းမီ ယှဉ်ပြိုင်နိုင်ရေးအတွက် ရန်ကုန်မြို့တော် ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူးကန်တွင် စခန်းသွင်း လေ့ကျင့်နေသည့် အားကစားသမား ၁၄ ဦးကို စင်ကာပူ အားကစားသမားများနှင့်အတူ ပူးတွဲ လေ့ကျင့်စေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာအသင်းသည် ၁၉၆၉ ခုနှစ်က ပထမဦးဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယခု ကျင်းပမည့် ၂၀၁၃ မြန်မာ SEA Games ပြိုင်ပွဲ၌ ဒုတိယအကြိမ် ထပ်မံ ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြား သည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် ဝါတာပိုလို ပြိုင်ပွဲကို မြန်မာ့ ယဉ်ကျေးမှုအရ အမျိုးသမီးပြိုင်ပွဲ ကျင်းပမည် မဟုတ်ပဲ အမျိုးသားပြိုင်ပွဲသာ ကျင်းပမည် ဖြစ်ရာ ရွှေတံဆိပ် တစ်ခု၊ ငွေ တံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု ချီးမြှင့်မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment