ကမ္ဘာလှည့်ခရီးသွားများ
လာရောက်မှု အများဆုံးဖြစ်သော ရွှေတိဂုံစေတီတော်နှင့် ပတ်သက်သော အကြောင်းအရာ
များကို ကြည့်ရှုနိုင်သည့်ဝက်ဘ်ဆိုဒ်ကို သြဂုတ်လ ဒုတိယအပတ်မှ
စတင်လွှင့်တင်လိုက်ပြီ ဖြစ်ကြောင်း ရွှေတိဂုံဘုရားရုံးအဖွဲ့မှူး
ဦးဝင်းကြိုင်က ပြောသည်။
အဆိုပါဝက်ဘ်ဆိုဒ်ကို အင်္ဂလိပ်ဘာသာဖြင့် အဓိကလွှင့်တင်ထားခြင်းဖြစ်ပြီး ယင်းဝက်ဘ်ဆိုဒ်တွင် ကဏ္ဍ ရှစ်ခု ပါဝင်မည်ဖြစ်သည်။ အဆိုပါကဏ္ဍရှစ်ခုမှာ ရွှေတိဂုံဘုရားအကြောင်း၊ ဘုရားသမိုင်း၊ သတင်း၊ ကြေညာ ချက်၊ ဗိသုကာ၊ ဓာတ်ပုံ၊ ဘုရားပွဲတော်များအကြောင်းတို့ ဖြစ်ပြီးဆက်သွယ်ရန်လိပ်စာ များလည်း ပါဝင် မည်ဖြစ်ကာ ယင်းဝက်ဘ်ဆိုဒ်ကို လွှင့်တင်ရန် စီစဉ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါဝက်က်ဆိုဒ်တွင် ရွှေတိဂုံဘုရား နှင့်ပတ်သက်သည့် သတင်းအချက်အလက်များနှင့် သိသင့်သိထိုက်သည်များ ကိုလည်း ဖော်ပြသွားပေးမည်ဖြစ်ကာ ရွှေတိဂုံဂေါပကအဖွဲ့၏ လုပ်ဆောင်ချက်များကိုပါ ဖော်ပြသွားမည် ဖြစ်သည်။
ရွှေတိဂုံဘုရားဝက်ဘ်ဆိုဒ်လိပ်စာ မှာwww.shwedagonpagoda.com ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တစ်ခုကို ဖွင့်လှစ်ထားသည်ဟုလည်း ရုံးအဖွဲ့မှူးထံမှ သိရသည်။
ရွှေတိဂုံဘုရားတွင် လာမည့်အောက်တိုဘာ ၁ ရက်မှစတင်ကာ နိုင်ငံခြားသားခရီးသွားဧည့်သည်များကို
ဇုန် ၀င်ကြေး အမေရိကန် ဒေါ်လာငါးဒေါ်လာမှ ရှစ်ဒေါ်လာသို့
တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသော
ရွှေတိဂုံမြေပုံလက်ကမ်း စာစောင်များကိုလည်း အခမဲ့ဝေငှပေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။
ရွှေတိဂုံဘုရားသို့ ၀င်ရောက်သော နိုင်ငံခြားသားခရီးသွားဧည့်သည် အရေအတွက်မှာ ဇူလိုင်လတွင် ၂၄၄၆၂ ဦးရှိပြီး တစ်ရက်လျှင် ပျမ်းမျှလာရောက်သူဦးရေ ၇၈၉ ဦးရှိသည်။ သြဂုတ် ၁ရက်မှ ၇ရက်အထိ ၅၇၁၄ဦး ၀င်ရောက်ပြီး သြဂုတ်လအတွက် တစ်ရက်လျှင် ပျမ်းမျှဝင်ရောက်သူဦးရေမှာ ၈၁၆ဦးရှိသည်။ လာရောက်ရာတွင် ထိုင်းနိုင်ငံမှ လာရောက်သူ အများဆုံးဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ဒုတိယ အများဆုံး ဖြစ်သည်။
Mizzima News
အဆိုပါဝက်ဘ်ဆိုဒ်ကို အင်္ဂလိပ်ဘာသာဖြင့် အဓိကလွှင့်တင်ထားခြင်းဖြစ်ပြီး ယင်းဝက်ဘ်ဆိုဒ်တွင် ကဏ္ဍ ရှစ်ခု ပါဝင်မည်ဖြစ်သည်။ အဆိုပါကဏ္ဍရှစ်ခုမှာ ရွှေတိဂုံဘုရားအကြောင်း၊ ဘုရားသမိုင်း၊ သတင်း၊ ကြေညာ ချက်၊ ဗိသုကာ၊ ဓာတ်ပုံ၊ ဘုရားပွဲတော်များအကြောင်းတို့ ဖြစ်ပြီးဆက်သွယ်ရန်လိပ်စာ များလည်း ပါဝင် မည်ဖြစ်ကာ ယင်းဝက်ဘ်ဆိုဒ်ကို လွှင့်တင်ရန် စီစဉ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါဝက်က်ဆိုဒ်တွင် ရွှေတိဂုံဘုရား နှင့်ပတ်သက်သည့် သတင်းအချက်အလက်များနှင့် သိသင့်သိထိုက်သည်များ ကိုလည်း ဖော်ပြသွားပေးမည်ဖြစ်ကာ ရွှေတိဂုံဂေါပကအဖွဲ့၏ လုပ်ဆောင်ချက်များကိုပါ ဖော်ပြသွားမည် ဖြစ်သည်။
ရွှေတိဂုံဘုရားဝက်ဘ်ဆိုဒ်လိပ်စာ
ရွှေတိဂုံဘုရားတွင် လာမည့်အောက်တိုဘာ ၁ ရက်မှစတင်ကာ နိုင်ငံခြားသားခရီးသွားဧည့်သည်မ
ရွှေတိဂုံဘုရားသို့ ၀င်ရောက်သော နိုင်ငံခြားသားခရီးသွားဧည့်သည် အရေအတွက်မှာ ဇူလိုင်လတွင် ၂၄၄၆၂ ဦးရှိပြီး တစ်ရက်လျှင် ပျမ်းမျှလာရောက်သူဦးရေ ၇၈၉ ဦးရှိသည်။ သြဂုတ် ၁ရက်မှ ၇ရက်အထိ ၅၇၁၄ဦး ၀င်ရောက်ပြီး သြဂုတ်လအတွက် တစ်ရက်လျှင် ပျမ်းမျှဝင်ရောက်သူဦးရေမှာ ၈၁၆ဦးရှိသည်။ လာရောက်ရာတွင် ထိုင်းနိုင်ငံမှ လာရောက်သူ အများဆုံးဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ဒုတိယ အများဆုံး ဖြစ်သည်။
Mizzima News

No comments:
Post a Comment