ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့်
ဒေဝူးကုမ္ပဏီတို့ ပူးပေါင်း၍ ရန်ကုန်မြို့ ပြည် လမ်းရှိ ဆင်ဖြူရှင်ရိပ်သာ
အနီးတွင် ဟိုတယ်အသစ် တည်ဆောက် မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက
ပြောကြားသည်။
“ဟိုတယ်က လောလောဆယ် နာမည်မပေးရသေးဘူး။ ဖက်စပ်လုပ်ငန်းအနေနဲ့ လုပ်မှာ” ဟု ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံမှ ဒေဝူး အမရာကုမ္ပဏီ၊ IGE Sin Phyu Shin Co.,Ltd. နှင့် စင်ကာပူအခြေစိုက် Daewoo Global Development Pte.Ltd. တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။
အင်းလျားကန်အနီးတွင် တည်ဆောက်ဖွင့်လှစ်မည့် အဆိုပါဟိုတယ် စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က B.O.T စနစ်ဖြင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြ စ် လုပ်ကိုင်ရန် ယခုလ ၇ ရက်နေ့က ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုနှစ်မတ်လအတွင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်ထောင်စုရိပ်သာ နေရာကို နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ရုံးအဆောက် အအုံများ၊ အိမ်ရာများ ပါဝင်သော Residential and Commercial Complex တည်ဆောက် လုပ်ကိုင်ရန် B.O.T စနစ်ဖြင့် ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုနှစ်အတွင်း ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်စီမံကိန်းတစ်ခု၊ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်
နှစ်ခု၊ ဟိုတယ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း တစ်ခုနှင့် ပြည်တွင်း
ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် ဟိုတယ် စီမံကိန်းလေးခု စုစုပေါင်း
ရှစ်ခု တည်ဆောက် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍတွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏ အမရိကန်ဒေါ်လာ ၁၅၈၅ ဒသမ ၈၁၁ သန်း ရှိပြီး ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်ငွေ ၁၈၃၃၄၈ ဒသမ ၄၀ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
“ဟိုတယ်က လောလောဆယ် နာမည်မပေးရသေးဘူး။ ဖက်စပ်လုပ်ငန်းအနေနဲ့ လုပ်မှာ” ဟု ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံမှ ဒေဝူး အမရာကုမ္ပဏီ၊ IGE Sin Phyu Shin Co.,Ltd. နှင့် စင်ကာပူအခြေစိုက် Daewoo Global Development Pte.Ltd. တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။
အင်းလျားကန်အနီးတွင် တည်ဆောက်ဖွင့်လှစ်မည့် အဆိုပါဟိုတယ် စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က B.O.T စနစ်ဖြင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုနှစ်မတ်လအတွင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်ထောင်စုရိပ်သာ နေရာကို နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ရုံးအဆောက် အအုံများ၊ အိမ်ရာများ ပါဝင်သော Residential and Commercial Complex တည်ဆောက် လုပ်ကိုင်ရန် B.O.T စနစ်ဖြင့် ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုနှစ်အတွင်း ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်စီမံကိန်းတစ်ခု၊ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်
မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍတွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏ အမရိကန်ဒေါ်လာ ၁၅၈၅ ဒသမ ၈၁၁ သန်း ရှိပြီး ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်ငွေ ၁၈၃၃၄၈ ဒသမ ၄၀ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

No comments:
Post a Comment