Saturday, August 10, 2013

မကဒတနှင့် ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီတို့ပြည်ထောင်စု အ ဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကလေး ၊ ဘုရားသုံး ဆူ၊ မူဆယ်နှင့် လွိုင်ကော်မြို့များတွင်ဆက်ဆံရေးရုံးများ ဖွင့် လှစ်နိုင်ရန် ညှိနှိုင်းဆွေးနွေး



ကလေး ၊ ဘုရားသုံးဆူ၊ မူဆယ်နှင့် လွိုင်ကော်မြို့များတွင်
ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရန်ဆက်လက်ညှိနှိုင်းဆောင် ရွက် မှု အပါအ၀င် အချက် ၁၂ ချက်ပါသဘောတူညီချက် များဖြင့် ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေး သဘော တူလက်မှတ်အား မကဒတနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ် ငန်းကော်မတီတို့ယနေ့ ညနေပိုင်းတွင် ရေးထိုးခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုအဆင့် သဘောတူညီမှုတွင် တစ်နိုင်ငံလုံးအတိုင်းအ တာဆောင်သော အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် နှစ်ဖက်စလုံးမှ ဆောင်ရွက်ရန်၊ မကဒတမှ
အဆိုပြုသော ဒီမိုကရေစီအရေး ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆက်လက်ဆွေးနွေးရန် ၊ မကဒတအား မတရားသင်းသတ်မှတ်ထားမှုအား ပယ်ဖျက်ပေးရေး ဆက် လက်ဆွေးနွေးရန်စသည့်အချက်များအပါအ၀င် ၁၂ ချက်ပါဝင်ကြောင်းသိ ရသည်။

No comments:

Post a Comment