ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကျေးရွာအုပ်စု အချို့တွင် လယ်ပြေစာ အမည်ပြောင်းလဲရာတွင် တစ်ဧက ကျပ်ငါးထောင်မှ တစ်သောင်းနှုန်း ကောက်ခံနေသဖြင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံ တိုင်ကြားမည်ဖြစ်ကြောင်း တောင်သူများက ပြောကြားသည်။
အင်္ဂပူမြို့နယ် မှတ်တိုင်အုပ်စုတွင် လယ်ဧက ၂၈၀၀ ကျော်ရှိပြီး တောင်သူဦးရေ ငါးရာဝန်းကျင်ရှိရာ လယ်ပြေစာ အမည်ပြောင်း လျှောက်ထားရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရေးတို့က ကျပ်နှစ်သောင်း ကောက်ခံကြောင်း မှတ်တိုင်အုပ်စု နွားခြံကျေးရွာမှ တောင်သူ ဦးကျော်မင်းက ပြောဆိုသည်။
ယင်းသို့ကောက်ခံရာတွင် ကျပ်နှစ်သောင်း ပေးဆောင်ရသည့် ကျေးရွာများ ရှိသကဲ့သို့ မပေးဆောင်ရသည့် ကျေးရွာများလည်း ရှိပြီး လယ်ပြေစာ အမည်ပြောင်းလဲရာတွင် ငွေပေးဆောင်ရသဖြင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံ တိုင်ကြားမည် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
လယ်ပြေစာ အမည်ပြောင်းအတွက် ငွေကြေးပေးရမည်ဟု ညွှန်ကြားထားခြင်း မရှိကြောင်း အင်္ဂပူမြို့နယ် မြေစာရင်း ဦးစီးဌာနမှူးက ဆိုသည်။
The Voice Weekly
No comments:
Post a Comment