
Manus ကျွန်းပေါ်က လူဝင်မှု ထိန်းသိမ်းရေးစခန်း (Credit: AAP)
သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းလန်းပြည်နယ်မှာ
ခိုလှုံခွင့်တောင်းလိုသူတွေ ခိုးဝင်လာတာကို တွေ့ရှိပြီးနောက် အစိုးရရဲ့
ပါပူဝါနယူးဂနီနိုင်ငံ အစီအစဉ် မအောင်မြင်ဘူးလို့ ကွင်စလန်းပြည်နယ်
ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
သြစတြေးလျအစိုးရက သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ဝင်ရောက်လာသူတိုင်းကို
ပါပူဝါနယူးဂနီနိုင်ငံကို ပို့ဆောင်ပြီး ပါပူဝါနယူးဂနီနိုင်ငံမှာ
နေထိုင်ခွင့်ပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့
ရက်ပိုင်းကပဲ ခိုလှုံခွင့်တောင်းလိုသူ တချို့ကို သြစတြေးလျနိုင်ငံပိုင်
ကျွန်းတွေမှာ တွေ့ရှိတဲ့အတွက် ပါပူနယူးဂနီကို ပို့မယ့်
အစီအစဉ်မအောင်မြင်ဘူးလို့ ပြောနေကြတာဖြစ်ပါတယ်။
ကွင်းစလန်းပြည်နယ်
ဝန်ကြီးချုပ် Campbell Newman က ခိုလှုံခွင့်တောင်းလိုသူတွေကို
ပါပူနယူးဂနီနိုင်ငံ Manus ကျွန်းကို ပို့မယ်ဆိုရင် ခိုလှုံခွင့် တောင်းလို
သူတွေက အဲဒီကျွန်းကနေတဆင့် တခြားအနီးနားက ကျွန်းတွေကို သွားပြီး
သြစတြေးလျနိုင်ငံထဲကို ဝင်လာနိုင်တယ်လို့ အရင်ကတည်းက ပြောခဲ့တဲ့အတိုင်းပဲ
ခုအခါမှာ ဝင်လာနေကြပြီလို့ ပြောလိုက်ပါတယ်။
ABC Radio Australia

Manus ကျွန်းပေါ်က လူဝင်မှု ထိန်းသိမ်းရေးစခန်း (Credit: AAP)
သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းလန်းပြည်နယ်မှာ
ခိုလှုံခွင့်တောင်းလိုသူတွေ ခိုးဝင်လာတာကို တွေ့ရှိပြီးနောက် အစိုးရရဲ့
ပါပူဝါနယူးဂနီနိုင်ငံ အစီအစဉ် မအောင်မြင်ဘူးလို့ ကွင်စလန်းပြည်နယ်
ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။သြစတြေးလျအစိုးရက သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ဝင်ရောက်လာသူတိုင်းကို ပါပူဝါနယူးဂနီနိုင်ငံကို ပို့ဆောင်ပြီး ပါပူဝါနယူးဂနီနိုင်ငံမှာ နေထိုင်ခွင့်ပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ခိုလှုံခွင့်တောင်းလိုသူ တချို့ကို သြစတြေးလျနိုင်ငံပိုင် ကျွန်းတွေမှာ တွေ့ရှိတဲ့အတွက် ပါပူနယူးဂနီကို ပို့မယ့် အစီအစဉ်မအောင်မြင်ဘူးလို့ ပြောနေကြတာဖြစ်ပါတယ်။
ကွင်းစလန်းပြည်နယ် ဝန်ကြီးချုပ် Campbell Newman က ခိုလှုံခွင့်တောင်းလိုသူတွေကို ပါပူနယူးဂနီနိုင်ငံ Manus ကျွန်းကို ပို့မယ်ဆိုရင် ခိုလှုံခွင့် တောင်းလို သူတွေက အဲဒီကျွန်းကနေတဆင့် တခြားအနီးနားက ကျွန်းတွေကို သွားပြီး သြစတြေးလျနိုင်ငံထဲကို ဝင်လာနိုင်တယ်လို့ အရင်ကတည်းက ပြောခဲ့တဲ့အတိုင်းပဲ ခုအခါမှာ ဝင်လာနေကြပြီလို့ ပြောလိုက်ပါတယ်။
ABC Radio Australia
No comments:
Post a Comment