Saturday, August 10, 2013

ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲတွေ မော်စကိုမှာ စတင်

ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲတွေကို ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ စတင် ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့တလွှား နိုင်ငံပေါင်း ၂၀ဝ ကျော်က အားကစား သမား ၂ ထောင်လောက် ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။

ရုရှားမှာ အခုလို ပွဲကြီး သုံးပွဲ ကျင်းပဖို့ ရှိရာ ဒီပွဲ ပြီးရင်တော့ ဆောင်းရာသီ အိုလံပစ်နဲ့ ၂၀၁၈ မှာတော့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပဖို့ရှိပါတယ်။

ဒီကနေ့ နှောင်းပိုင်းမှာတော့ ဂျမေကာ ကမ္ဘာ့ အမြန်ဆုံး လူသား တာတို အပြေးသမား ယူစိတ် ဘုတ်ဟာ မီတာ ၁၀ဝ ပြေးပွဲ အတွက် စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment