ရန်ကုန်မြို့၊
အင်းစိန်မြို့နယ် မြို့သစ် က/ခ ရပ်ကွက် ၊ က/(၅)လမ်းတွင်ရှိ အိမ်အမှတ်
မ-၄၀တွင် အမျိုးသား တစ်ဦးသည် လျှပ်စစ် ဝါယာကြိုးဖြင့် ထုတ်တန်းတွင်
ဆွဲကြိုးချသေဆုံးသွားကြောင်း ယင်းရဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
“အဲဒီလူက အရက်တော့ နေ့တိုင်းလိုလို သောက်ပြီး မူးနေတယ်။ ခုမှ တစ်ယောက်တည်း အိမ်ပေါ်မှာ တစ်ယောက်တည်း ဆွဲကြိုးချတယ် ကြားလို့ လာကြည့်တာပါ”ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အင်းစိန်မြို့မ ရဲစခန်းမှ ဒုရဲအုပ် ရမြင့်က တရားလိုပြုလုပ်၍ ယင်းရဲစခန်းတွင် သေမှုသေခင်း အမှတ်-၅၃/၂၃ဖြင့် အမှုဖွင့် ဆောင်ရွက် လျက်ရှိပြီး စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့ခေတ်

No comments:
Post a Comment