ၾသစေၾတးလ် နိုင်ငံက အထွေထွေ ရွေးကောက်ပွဲအကြို
အဓိက ပါတီ နိုင်ငံ ရေးခေါင်းဆောင် ၂ဦးဖြစ်ကြတဲ့ လက် ရှိ ဝန်ကြီးချုပ် Kevin
Rudd နဲ့ အတိုက်အခံပါတီခေါင်းဆောင် Tony Abbott တို့က ပထမဦးဆုံး စကားရည် လုပွဲကို တနင်္ဂနွှေနေ့ ညက ကျင်းပခဲ့ပါတယ်။
စကားရည်လုပွဲကို သြစတြေးလျ နိုင်ငံမှာရှိတဲ့ ရုပ်သံဌါန ကြီးတွေ အားလုံးက တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ခဲ့ပါတယ်။
ပွဲပြီးမဆုံးခင် ပါတီ ၂ ဘက် လုံးက သူတို့ ဘက်က နိုင်တယ်လို့ ပြော ဆိုနေကြပေမယ့် ဘက်မလိုက်တဲ့ သုံးသပ်သူတွေကတော့ ၂ဦး ၂ ဘက်လုံး တဖက်ကို တဖက် ခြေမှုန်း နိုင်လောက်အောင် မပြောနိုင်ကြဘူးလို့ ဆိုပါတယ်။
စကားရည်လုပွဲမှာ အဓိကကျတဲ့ အချက်ကတော့ သြစတြေးလျ နိုင်ငံရဲ့ အနာဂတ် စီးပွါးရေးဟာ ဘယ်ခေါင်းဆောင်ရဲ့လက်ထဲမှာ စိတ်ချရမလဲဆိုတာ အဓိက အားဖြင့် ဆွေးနွှေးခဲ့ ကြတာ ဖြစ်ပါတယ်။
ဆွှေးနွှေးခဲ့ကြတဲ့ အကြောင်းအရာ တွေကတော့ သက်ကြီးတွေ စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ ရာသီဥတု အပြောင်းအလဲ၊ ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေ ဖြစ်ပါတယ်။
စကားရည်လုပွဲမှာ ပါတီခေါင်းဆောင်တွေက မှတ်စုရေးဖို့ စာရွက်ဘလာကလွဲလို့ မှတ်စုယူဆောင်ခွင့် မရှိတာကို ဝန်ကြီးချုပ်က မှတ်စုရေးမှတ်ထားတာတွေကို ယူသွါးတဲ့ အတွက်၊ စကားရည် လုပွဲမှာ လိမ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲ ဆိုတာတွေက ကြိုတင် ကောက်တမ်း ကောက်လေ့ရှိတဲ့အတွက် အခုနောက်ဆုံးကောက်တဲ့ ကောက်တမ်းအရ အတိုက်အခံ Tony Abbott ကို ကြိုက်နှစ်သက်မှု ၅၂% နဲ့ မဲသာနေပြီး Kevin Rudd ကျိုက်နှစ်သက်မှု ၄၈% အထိ ကျဆင်းနေတာကို တွေ့ ရပါတယ်။
ဒီကြိုတင် ခန့်မှန်းချက်တွေ ဘယ်လောက် အထိမှန် နိုင်သလဲဆိုတာ ရွေးကောက်ပွဲ ကျင်းပတဲ့ စက်တင်ဘာလ (၇) ရက်နေ့ က အဆုံးအဖြတ် ပေးသွါးမှာ ဖြစ်ပါတယ်။
ABC Radio Australia
ဝန်ကြီးချုပ် ကယ်ဗင်ရဒ် (ဝဲ)နဲ့ အတိုက်အခံပါတီ ခေါင်းဆောင် တိုနီအာဘော့တ် (ယာ)တို့ စကားရည်လုပွဲ မတိုင်ခင် တွေ့ရစဉ် (Credit: AAP)

No comments:
Post a Comment