Monday, August 12, 2013

အင်္ဂလန်တွင် ကောလိပ်ကျောင်းဆရာလုပ်ရန် သချာင်္ဘွဲ့ရများကို လစာယူရို (၂၀၀၀၀) ဖြင့် ကမ်းလှမ်း

အင်္ဂလန်နိုင်ငံတွင် သက်ကြီး ပညာရေးကောလိပ်များ၊ စီးပွားရေး   
ဌာနများကျွမ်းကျင်မှုနှင့်တီထွင်မှုဆိုင်ရာဌာနများအတွက် သချာင်္ဘာသာ ရပ်ကျွမ်းကျင်သူများ အထူးလိုအပ်နေပြီး သချာင်္ဘာသာရပ်ဖြင့် ကျောင်း ပြီးထားသော ဘွဲ့ရများမှာ ကောလိပ်များတွင် သင်ကြားရေးဆရာအဖြစ် လစာယူရို (၂၀၀၀၀) ဖြင့် ကမ်းလှမ်းခံနေရကြောင်း သိရသည်။

        သက်ကြီးပညာရေးကောလိပ်များ၌အသက်မွေးဝမ်းကျောင်းဘာသာရပ်များသင်ယူနေကြသူများ၏ အရည် အချင်းပိုမိုအားကောင်းစေရန် အစိုးရက ဆန္ဒရှိပြီးထိုကျောင်းများ၌ သင်ကြားရေးဆရာအဖြစ်အလုပ်လုပ်လို သည့် ဘွဲ့ရများမှာ အချိန်စောင့်ဆိုင်းစရာပင်မလိုပဲ အလုပ်ရနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက ဆိုသည်။


        လက်ရှိအချိန်၌ အလုပ်လုပ်နေကြသော ၀န်ထမ်းများ၏ သချာင်္နှင့် အင်္ဂလိပ်စာကျွမ်းကျင်မှုအရည် အသွးမှာ လိုအပ်ချက်များရှိနေဆဲဟု အလုပ်ရှင်များထံမှ သတင်းကြားရသဖြင့် ဆိုင်ရာဝန်ကြီးဌာနများသည် စိုးရိမ်မှုများရှိလာပြီး သင်ကြားပြသရေးအတွက် ဘွဲ့ရများကို အလိုရှိနေခြင်းဖြစ်သည်။

       အင်္ဂလန်၌ အလုပ်လုပ်နေကြသောလူငယ်များ၏ (၂၄%) သည်သချာင်္ဘာသာရပ်အားနည်းကြကြာင်း (၁၅%)မှာ စာတတ်မြောက်မှုအတွက် ရုန်းကန်နေရကြောင်းသိရသည်။

      စီးပွားရေးလုပ်ငန်းရှင်တွေထံမှ သူတို့လိုချင်တဲ့ အရည်အသွေးရှိသော လူငယ်တွေကို ရှာဖို့ခက်တယ် ဆိုတဲ့ အသံတွေကို ကျွန်တော်တို့ ပြန်ကြားနေရပါတယ်။ ဒါကြောင့် သက်ဆိုင်သူများအနေနဲ့ လူငယ်များကို အင်္ဂလိပ်နဲ့ သချာင်္ဘာသာရပ်ကျွမ်းကျင်မှုရှိစေဖို့ ကျောင်းများ၏ သင်ကြားပြသရေးမှာ ကျွမ်းကျင်ဘွဲ့ရများ ကို ခန့်အပ်ဖို့ စဉ်းစားနေရုံမပြီးပဲ အလုပ်အခြေခံ အရည်အသွေးပါ ကောင်းမွန်စေဖို့ လုပ်ငန်းခွင်အတွင်း အလုပ်သင်အတွေ့အကြုံရယူနိုင်ရန် စီစဉ်ပေးဖို့ လိုအပ်တယ် ' ဟု စီးပွားရေး တီထွင်ဆန်းသစ်မှုနှင့် ကျွမ်း ကျင်မှုဆိုင်ရာ အတွင်းရေးမှူး Vince Cable က ပြောသည်။

No comments:

Post a Comment