ဘေယန်မြူးနစ် အသင်းသည် သြဂုတ်၉ ရက်က ကျင်းပခဲ့သော ဂျာမန်ဘွန် ဒက်စ်လီဂါ ရာသီ အဖွင့် ပွဲစဉ်တွင် မွန်ချန် ဂလက်ဘတ်ခ်ျ အသင်းအား ၃ ဂိုး - ၁ ဂိုးဖြင့် အနိုင် ရရှိ ခဲ့သောကြောင့်
နည်းပြ ဂွါဒီယိုလာ အနေဖြင့် ဘေယန်၌ ၎င်း၏ အုပ်ချုပ်မှု ကာလကို အောင်မြင်မှုနှင့် စတင် နိုင်ခဲ့ကြောင်း သိရသည်။
ဘာကာ နည်းပြဟောင်း ဂွါဒီယိုလာသည် ချန်ပီယံလိဂ် ဖလားဆုရှင် ဘေယန်မြူးနစ် အသင်းအား လွန်ခဲ့သော သီတင်းပတ် ရှစ်ပတ်ခန့်က ဂျပ်ဟေးနက်စ်၏ နေရာတွင် အစားထိုး တာဝန် ယူခဲ့ခြင်း ဖြစ်သည်။
ယခု ပွဲစဥ်ရလဒ်ကြောင့် စပိန် နည်းပြ ဂွါဒီယိုလာ အဖို့ စပိန်လာလီဂါတွင် ဘာကာ၌ စတင် တာဝန် ယူစဉ်ကထက် ပိုမို လင်းလက် တောက်ပသော စတင်မှု ဖြင့် စတင် နိုင်ခဲ့ခြင်း ဖြစ်သည်။
အသက် ၄၂ နှစ်ရှိ ဂွါဒီယိုလာသည် ၂ဝဝ၈-၂ဝဝ၉ ရာသီအတွင်း ဘာကာသို့ စတင် ရောက်ရှိ စဉ်က ဘာကာ အသင်း၏ အဖွင့် ပွဲစဉ်အား ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သည်။ သို့သော် ဂွါဒီယိုလာ သည် ၎င်းအသင်း၌ လေးနှစ် တာဝန် ယူခဲ့သည့် ကာလအတွင်း ဖလား ၁၄ ခု ရရှိအောင် စွမ်းဆောင် ပေးနိုင် ခဲ့သူ ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment