Sunday, August 11, 2013

ဗဟန်းမြို့နယ်ထဲ ဘာအခန်းအနားပဲလုပ်လုပ် ကြိုတင်အကြောင်းကြားဖို့ တိုင်းအစိုးရ စာထုတ်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲ ဘာအခမ်းအနားပဲ လုပ်လုပ် ရက် ၂၀ကြိုတင် အကြောင်းကြား ရမယ်လို့ တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ် ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ၄၅မြို့နယ်ရှိတဲ့အနက် ဗဟန်းမြို့နယ် တခုထဲကိုပဲကွက်ပြီး အခုလို အမိန့်ထုတ် လိုက်တာလို့ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ ခမ်းမပိုင်ရှင် ဦးစိုးညွန့်က ပြောပါတယ်။


ဒီလို စာ မထုတ်ခင် မြို့နယ်အုပ်ချုပ်ေ၇းမှူးက သူ့ကိုခေါ်ပြီး တော်ဝင်နှင်းဆီမှာ ဘာအခန်းအနားပဲလုပ်လုပ် ရက်၂၀ ကြိုတင်ပါလို့ ပြောတယ်။ သူက စာထုတ်ပေးပါလို့ ပြောပြီး ညှိမရဖြစ်နေရာက နောက်ဆုံး တော့ အခုလို စာထွက်လာတာပဲလို့ ပြောပါတယ်။

တော်ဝင်နှင်းဆီခန်းမမှာ အဖွဲ့အစည်းအသီးသီးက နိုင်ငံရေး အခမ်းအနားတွေကို မကြာခဏကျင်းပလေ့ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ညီလာခံကိုလဲ အဲ့ဒီနေရာမှာပဲ ကျင်းပခဲ့တာဖြစ်ပြီး အာဏာရပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်တွေလဲ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို မြို့နယ်တခုထဲ ကွက်ပြီး စာထုတ်တာဟာ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာလားလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းက မေးခွန်းထုတ်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ရုံးချုပ်ဟာလည်း ဗဟန်းမြို့နယ်ထဲ ပါဝင်ပါတယ်။

No comments:

Post a Comment