မြိတ်မြို့နယ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ ရပ်ရွာလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့၊ ည (၇း၃၀)အချိန်ခန့်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွယ်၊ ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ မြို့နယ်ရဲမှူး ဦးသန်းဦး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အယ်စတာထွန်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးဝင်းမောင်၊ မြို့နယ်စခန်းမှူး ဒုရဲမှူး ဦးနေမင်း၊ အမှတ် (၃)နယ်မြေ ရဲကင်းမှူး ဒုရဲအုပ် ဦးသူရထွန်း၊ ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ယဉ်၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့် ရပ်ကွက်နေပြည်သူ (၅၀)ဦးကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲမှူး ဦးသန်းဦး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အယ်စတာထွန်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးဝင်းမောင်နှင့် မြို့နယ်စခန်းမှူး ဒုရဲမှူး ဦးနေမင်းတို့မှ ဆိုင်ရာဆွေးနွေးချက်များ ဟောပြာခဲ့ရာ တက်ရောက်လာသူများမှလည်း သိလိုသည်များကို ပြန်လည်ဆွေးနွေးကြကာ အခမ်းအနားကို ည (၉း၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment