ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းမှ
ကြီးမှူး၍ Networking နည်းပညာရပ်နှင့် သက် ဆိုင်သော သင်တန်းဖြစ်သည့်
Wireless Network Essentials Course (WNE) သင်တန်းကို လာမည့် သြဂုတ် ၂၉ ရက်၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းမှာ သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂၇ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တစ်ပတ်လျှင် ကြာသပတေး၊ သောကြာ နှစ်ရက်သင်ကြားမည်ဖြစ်သည်။ သင်တန်းတွင် Networkig နှင့်ပတ်သက်သည့် ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး ယင်းသင်တန်းကို Network Engineer များ၊ IT Officer များ၊ ကြိုးမဲ့ နည်းပညာအကြောင်းလေ့လာနေသူများ၊ ကျောင်းသူ ကျောင်းသားများ တက်ရောက် နိုင်သည်။
သင်တန်းသားဦးရေ ၁၅ ဦး ကန့်သတ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ် ၉၀၀၀၀ ဖြစ်ကာ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဝင်များ တက်ရောက်မည်ဆိုပါက သင်တန်းကြေး ထက်ဝက်လျှော့ ဈေးဖြင့် ကျပ် ၄၅၀၀၀ ဖြစ်သည်။ ယင်းသင်တန်းကို တက်ရောက်လိုပါက ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်း ဖုန်း-၀၁ -၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
Mizzima News

No comments:
Post a Comment