Saturday, August 10, 2013

ကျောင်းပြိုကျ

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်ရတနာမြေ ၀မ်ကန်အခြေခံပညာ အထက်တန်းကျောင်းရှိ ကျင်းအနက်(၁၅)ပေ အပေါ်တည့်တည့်တွင်သြဂုတ်၉ ရက်နေ့ နံနက်၁၀၄၅ အချိန်က တည်ဆောက်ထားသည့် အမျိုးသမီးရေလောင်း အိမ်သာ(၅)ခန်းတွဲ မျက်နှာချင်းဆိုင် စုစုပေါင်း(၁၀)ခန်း(တစ်ခန်းလျှင် ၂ ပေခွဲx ၂ ပေ၊ အရှည် ၃၀ ပေ x အနံ ၁၆ ပေxအမြင့် ၁၃ ပေ၊ သွပ်မိုး၊
သွပ်ကာ၊ အင်္ဂတေခင်း)တွင် မုန့်စားကျောင်းဆင်းချိန်၌ အပေါ့အပါးသွားကြရာ အိမ်သာကြမ်းခင်း အင်္ဂတေမှာ ရုတ်တရက်ကျင်းထဲသို့ ပြိုကျသွားသဖြင့် ၃ဦးမှာ ရေမွန်း ၍သေဆုံးခဲ့ပြီး၁၂ဦးမှာ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်အရပ်သို့ မိုင်းစံမြို့နယ်ခွဲအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသားမိဘများ၊ စုစုပေါင်း(၂၀၀)ဦးခန့်တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ရေနစ်သေဆုံးသူ အလောင်း (၃)လောင်းနှင့်ဒဏ်ရာရရှိသူများအား ၀မ်ကန်တိုက်နယ်ဆေးရုံသို့ပို့အပ်ခဲ့ပြီး လွိုင်ဆောင်ထောက် နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၅/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment