မန်ချက်စတာ ယူနိုက်တက် အသင်းထံသို့ မိမိကို ရောင်းထုတ်ခဲ့သည့် ချယ်လ်ဆီး၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩမိကြောင်း ဟွမ်မာတာက ဝန်ခံ ပြောကြားခဲ့သည်။
![]() |
| Add caption |
"ရိုးရိုးသားသား ပြောရရင်တော့ ဒီကိစ္စက နည်းနည်း အံ့ဩစရာ ဖြစ်နေတယ်"ဟု မာတာက ဆိုသည်။ ပုံမှန်အားဖြင့် အင်္ဂလန် ထိပ်တန်းကလပ်များသည် ခြေစွမ်းမြင့်မားသည့် ကစားသမားကို တစ်သင်းမှ တစ်သင်းသို့ လက်လွှဲရောင်းချမှု အလွန်ရှားပါးသည်။ မာတာက "ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးကို သိပ်ကျေးဇူးတင်ပါတယ်။ အသင်းပိုင်ရှင်၊ ပြီးတော့ အသင်းအတွက် အလုပ်လုပ်နေသူ အားလုံး၊ ပြီးတော့ ပရိသတ်တွေပေါ့။ ပရိသတ်တွေက ပြီးခဲ့တဲ့ (၂)ရာသီအတွင်းမှာ ကျွန်တော့်ကို အကောင်းဆုံး ကစားသမားအဖြစ် မဲပေးခဲ့ကြတယ်။ ဒါကိုကျွန်တော် အမြဲတမ်း အမှတ်ရနေမှာပါ။ ချယ်လ်ဆီးပရိသတ်တွေဟာ ကျွန်တော့်အတွက် အံ့ဩစရာပါပဲ။ လွန်ခဲ့တဲ့ (၆)လအတွင်း ကျွန်တော့်အနေနဲ့ မျှော်လင့်သလောက် မကစားခဲ့ရပါဘူး။ အသင်းလိုက် ကစားတဲ့ အားကစား တစ်ခုမှာ ဒီအခြေအနေမျိုးကို ကျွန်တော် နားလည် လေးစားဖို့ လိုပါတယ်။ ဒါပေမဲ့ ယူနိုက်တက်လို အသင်းက ချိတ်ဆက်လာတယ် ဆိုတာကတော့ ကျွန်တော့် ကစားသမား ဘဝကို ရှေ့ဆက်ဖို့ သိပ်ကို ခမ်းနားကြီးကျယ်တဲ့ အချိန်မျိုး ဖြစ်လာပါတယ်။ ကျွန်တော့် အနေနဲ့ နောက်ထပ် ထိပ်တန်းအသင်းကြီး တစ်ခုဆီကို ထပ်ပြီး ကူးပြောင်းလာရတာ ဖြစ်ပါတယ်"ဟုလည်း ပြောကြားသွားသည်။
၎င်းက ကလပ်စံချိန်တင် ဈေးနှုန်းဆိုသည်မှာ မိမိအတွက် ဖိအားတစ်ရပ် မဟုတ်ဟုလည်း ဆိုသည်။ "ဈေးများတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေသွားမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်းလိုလို ကျင့်သုံးခဲ့တဲ့အတိုင်း အကောင်းတကာ့ အကောင်းဆုံး ဖြစ်စေဖို့ ကြိုးစားနေမှာပါ"ဟု မာတာက ဖွင့်ဟသွားသည်။
Soccer Myanmar

No comments:
Post a Comment